ဆရာဖီးလစ် ဘိုအောင်လင်း


ဆရာဖီးလစ်ဘိုအောင်လင်းသည်
ယခင်က သာသနာပြုဆရာ၊ လူငယ်သင်းအုပ်ဆရာအဖြစ်
အမှုဆောင်ခဲ့ပြီး၊ ခရစ်ယာန်လူငယ်ကွန်ယက်ကို တည်ထောင်ခဲ့သူနှင့် အမှုဆောင်ခဲ့သူဖြစ်ပါသည်။ ယခုအခါ မန္တလေးမြို့တွင် မိသားစုနှင့် အတူ အခြေချနေထိုင်လျှက်ရှိပြီး၊ ဇနီးသည်နှင့် ချစ်စရာသမီးငယ်တစ်ဦးရှိပါသည်။ CV MyanmarCountry Manager ဖြစ်ပြီး၊ ကျမ်းစာကျောင်း၏ အချိန်ပိုင်းကထိကနှင့် အသင်းတော်တစ်ပါး၏တွဲဖက်သင်းအုပ်အဖြစ် ဆက်ကပ်အမှုတော်ဆောင်လျှက်ရှိပါသည်။

ဆိုရှယ်မီဒီယာ ဧဝံ‌ဂေလိလုပ်ငန်းလုပ်ဖို့ အချိန်တန်ပြီ။


ဆိုရှယ်မီဒီယာ ဆိုတာ လူတိုင်းနဲ့ ကင်းလွတ်ခြင်းမရှိတဲ့ အရာတစ်ခုဖြစ်နေပါပြီ။

ဆိုရှယ်မီဒီယာကို အသုံးပြုပြီး လူတိုင်း သတင်းဖတ်ကြတယ်၊ စျေးဝယ်ကြတယ်၊ မိမိရဲ့

အကျိုးစီးပွားအတွက် လက်တွေ့ အသုံးချနေကြတယ်။ ဒါဆိုရင် လူတိုင်းလက်ထဲမှာ ရှိနေတဲ့

ဆိုရှယ်မီဒီယာကို အသုံးချပြီး ယေရှုဘုရားရဲ့ ဧဝံဂေလိသတင်းကောင်းကို လူသားတိုင်းဆီမှာ

အရောက်ပို့ဖို့ရန် အသင်းတော်တိုင်း၊ ယုံကြည်သူတိုင်းက ဆိုရှယ်မီဒီယာ ဧဝံဂေလုပ်ငန်းစတင်ဖို့

အချိန်တန်ပြီ။